Pages

Monday, May 19, 2014

ရုပ်ရှင်တွေမှာ Subtitle ထည့်နည်း

တခြားသူတွေ အတွက်တော့မသိဘူးဗျာ. ကျနော်က Eng Movie တွေ ကြည့်ချင်ရင် Download ပဲဆွဲကြည့်တယ်. အခွေဝယ်ကြည့်ရင် မကြည်တာနဲ့ ထစ်နေတာနဲ့ ပြန်လဲရတာနဲ့ စိတ်မရှည်ချင် ဘူးဗျာ. ကံကောင်းချင်တော့ ကျနော်နေတဲ့အရပ်မှာ Internet ကဘာကောင်းသလဲမမေးနဲ့ Download ဆွဲရင် 260 KBps လောက်ကိုရတာ. 500MB လောက်ဆို နာရီဝက် သာသာပဲဆွဲရတယ်. ဆွဲပီးကြည့်တော့ စာတန်းထိုးတော့ မပါဘူးပေါ့. E ကလည်းသိပ်မကောင်းဆိုတော့ Subtitle အမြဲရှာပြီးထည့်ရတယ်. 

Subtitle ထည့်နည်းကို ဒီမှာကြည့်ပေါ့ဗျာ. သိပြီးသွားလည်း ကျော်သွားပေါ့  :)

အရင်ဆုံး ရုပ်ရှင်တွေ Download ဆွဲလို့ရနိုင်မဲ့ Site ကို ပြောပြပေးချင်ပါတယ်. 

Movie4k.to ဖြစ်ပါတယ်. 





အဲ့ဒီ Site မှာ Download ဆွဲရင် စိတ်ချမ်းသာဖို့ကောင်းတာက ကြည်မကြည်အလွယ် တကူသိနိုင်ပါတယ်. 

ရုပ်ရှင်တခုစီရဲ့ဘေးမှာ Smiley လေးတွေကိုကြည့်ပါ.  :D ဒီလိုဆိုရင်တော့ အကြည်ဆုံးပေါ့ဗျာ. မဲ့နေတယ် ဆိုရင်တော့ ရုံမှာခိုးရိုက်ထားတာပဲ ကြည့်လို့ရမှာပါ.

Down ပြီးပီဆိုရင်တော့ Subtitle ရှာခြင်းလုပ်ငန်းစပါမယ်. ဒီ Site ကိုဝင်ပါ. ရှာချင်တာကို Movie Title နဲ့ရှာပါ.


England အလံလေးနဲ့တစ်ခုကို Click ပါ. ပေါ်လာရင် Download ဆိုတာကို နှိပ်ပါ. Zip File အနေနဲ့ ရပါမယ်. 


အဲ့ဒီ Down လို့ရတဲ့ File ကို Extract လုပ်ပြီး Folder အသစ်တခုထဲကို ထည့်ပါ. Download ထားတဲ့ Movie File ကိုလဲ အဲ့ Folder ထဲကိုထည့်ပါ. Movie file name နဲ့ Subtitle file name တို့တူအောင်ပြောင်းပေးပါ. 



Movie ကိုဖွင့်ကြည့်တဲ့ အခါကျရင် Subtitle လေးနဲ့ ကြည့်လို့ရပါပီ...

Subtitle ကို On ထားဖို့ မမေ့နဲ့ဦးနော်.

လွယ်တယ်နော်....

No comments:

Post a Comment